ယုတ္တိကြီး(၃)မျိုးတို့နှင့်ညီမျှခြင်းချကာ*သမာဓိ(၃)ဆင့်တို့ရဲ့ အားအစွမ်းသတ္တိ တန်ဘိုးများကို ဤစာရေးသူမှတိုင်းတာပြပေးနိုင်ပါ၏
(၁)။-စံမှီတန်းဝင်အရင့်စားခဏိကသမာဓိရဲ့ အားအစွမ်းသတ္တိတန်ဘိုးအမှန်များကား-လူ့ဘုံ+စတုမဟာရာဇ်နတ်ဘုံ+တာဝတိံသာနတ်ဘုံ တို့၌-ပဋိသန္ဓေအသစ်အဆင့်မြင့်ဘ၀ကောင်းများကို အဟုတ်တကယ်ပင် ပေးရောက်နိုင်စွမ်း၏။။
(၂)။-စံမှီတန်းဝင်အင်အားကောင်းဥပစာရသမာဓိရဲ့ အားအစွမ်းသတ္တိ တန်ဘိုးအမှန်များကား-လူ့ဘုံ+စတုမဟာရာနတ်ဘုံ+တာဝတိံသာနတ်ဘုံ+ယာမာနတ်ဘုံ+တုသိတာနတ်ဘုံ+နိမ္မာနရတိနတ်ဘုံ+ပရနိမ္မိတ၀သ၀တ္တိနတ်ဘုံ လို့ဆိုအပ်တဲ့ *ကာမသုဂတိ(၇)ဘုံ စလုံးတို့၌ သင့်လျော်ရာ ဘုံ တစ်ခုခုတွင် -ပဋိသန္ဓေသစ်အဆင့်မြင့်ဘ၀ကောင်းများကို အဟုတ်တကယ်ကြီးပင် ပေးရောက်နိုင်စွမ်း၏။
(၃)။-ရူပါဝစရပထမဈာန်လို့ ဆိုအပ်တဲ့ အပ္ပနာသမာဓိရဲ့ အားအစွမ်းသတ္တိ တန်ဘိုးအမှန်များကတော့-ဗြဟ္မာကြီးတို့ရဲ့နေရာ````ပထမဈာန်(၃)ဘုံ လို့ ဆိုအပ်တဲ့ *ဗြဟ္မပါရိသဇ္ဇာဘုံ+ဗြဟ္မပရောဟိတာဘုံ+မဟာဗြဟ္မာဘုံတို့အနက်- သင့်လျော်ရာဘုံ တစ်ခုခုတွင် -ပဋိသန္ဓေသစ် အဆင့်မြင့်ဘ၀ကောင်းများကိုအဟုတ်တကယ်ပင် ပေးရောက်နိုင်စွမ်း၏။
(-အထက်ပါ(၁)(၂)(၃)တွေထဲက ရေးသားချက်များဟာ တမလွန်ဘ၀သစ်တို့နှင့်ဆိုင်ရာများအတွက်- ဝေဘန်ခွဲခြမ်းကာယူမှတ်ထားချက်များပင် ဖြစ်ပါ၏။)
~~~~ယ္ခုလက်ရှိရပိုင်ဆောင်ထားဆဲဖြစ်တဲ့ *ပစ္စုပ္ပန်လူ့ဘ၀အတွက် ဝေဘန်ခွဲခြမ်းပေးရပါရင်--
(၁)။-စံမှီတန်းဝင်အရင့်စားခဏိသမာဓိရဲ့ အားအစွမ်းသတ္တိ တန်ဘိုးအမှန်များကား-မိမိနှင့်မိမိရဲ့မိသားစုတွေအတွက် အန္တရာယ်ကင်းရအောင်-စားဝတ်နေရေး ကျမ္မာရေးအပါအ၀င် လူသားဘ၀နဲ့ဆိုင်ရာလူဘ၀သုခများကို မိမိတို့ရဲ့အခြေခံများနှင့်ထိုက်တန်သလောက်တို့အားအချိန်မှီရရှိနိုင်စေရန်-တကယ်လက်တွေ့ပင် တတ်စွမ်းနိုင်ပါ၏။
-နမူနာပြ(က)..ဤစာရေးသူအားပီနန်တောင်ပေါ် တောကြီးထဲ၌-ခဏိသမာဓိအခြေခံများဖြင့်ပင် မေတ္တာပွါးလွှတ်လျက် တစ်ဦးထဲအေးဆေးအေးချမ်း နေ နေစဉ်--အတော်ကျယ်ဝန်းသော အလင်းဝိုင်းကွက်ကြီးတစ်ခုနဲ့အတူဤစာရေးသူအထံသို့- *၀ိဇ္ဇာဓိုရ်ချုပ်တစ်ဦး ချည်းကပ်လာပြီးလျင်-လူရွယ်မွန်ကျော်ဦးမလေးရှားမှာ ရှိနေချိန်အတွင်း လူရွယ်ရဲ့ ဇနီး သမီး- မိသားစုကို-တိုက်ခိုက်ရေးသမားမန္တာန်ဆောင် ၀ိဇ္ဇာဓိုရ်ယောက်ျား တစ်ဦးမှ-နေ့စဉ် ညစဉ် မပြတ်မလပ်စေရအောင်စောင့်ရှောက်ကူညီပေးနေတယ် လို့-လာပြောပြသဖြင့်-ဤစာရေးသူမှ သမာဓိအမြင်ဓာတ်ဖွင့်ကာမိမိရဲ့ မိသားစုကို ကြည့်လိုက်ရာ-ဤစာရေးသူရဲ့ ဇနီးနဲ့သမီးတို့က ဘုန်းတော်ကြီးကျောင်းဘက်ဆီသို့လမ်းလျှောက်သွားနေကြတာ တွေ့ရပြီးတော့ ဤစာရေးသူရဲ့ သားအရွယ်လောက်ရှိသော(ဤစာရေးသူ၏ သမီးရဲ့အကိုလေးအရွယ်လောက်သာ ရှိသော) *၀ိဇ္ဇာဓိုရ်ယောက်ျားပေါက်စလေး တစ်ယောက်က -နောက်နားကနေ တစ်ကောက်ကောက်လိုက်ပါစောင့်ရှောက်ပေးနေတာကို တစ်ဆက်ထဲပဲ တွေ့မြင်သွားရ၏။။
(-ကျမ္မာရေးလူမှုပေါင်းသင်းဆက်ဆံရေး-လုပ်ငန်းကိစ္စ စသည်တို့နဲ့ဆိုင်ရာ ကောင်းကျိုးများကိုမိမိရဲ့ အခြေခံတွေနဲ့ ထိုက်တန်သလောက်တို့အား အရင့်စားခဏိသမာဓိ အစွမ်းဖြင့်ပင်အချိန်မှီဖန်တီးယူနိုင်ခဲ့ရပုံ လက်တွေ့ဖြစ်စဉ်မှန်များကို မွန်ဇော်ဦး blog တွင်တော်တော်များများပဲ ရေးပြထားပြီးရှိပါ၏-နောက်ထပ်လဲ ရေးပြပေးအုံးမည်..။)
(၂)။-စံမှီတန်းဝင်အင်အားကောင်း ဥပစာရသမာဓိတို့ရဲ့ ယ္ခုပစ္စုပ္ပန်လူ့ဘ၀အတွက် ဖြစ်သော-အားအစွမ်းသတ္တိတန်ဘိုးအမှန်များကတော့-မိမိဘက်က မိဘဆွေမျိုးတွေအတွက်၎င်း-မိမိရဲ့ဇနီးဘက်ကမိဘဆွေမျိုးတွေအတွက်၎င်း-မိမိတို့ရဲ့မွန်လူမျိုးနွယ်ဝင်တွေအတွက်၎င်း-အန္တရယ်ကင်းရအောင်-စားဝတ်နေရေး ကျမ္မာရေးအပါအ၀င် လူသားဘ၀နဲ့ဆိုင်ရာလူဘ၀သုခများကို မိမိတို့ရဲ့အခြေခံများနှင့်ထိုက်တန်သလောက်တို့အားအချိန်မှီရရှိနိုင်စေရန်-တကယ်လက်တွေ့ပင်-တတ်စွမ်းနိုင်ပါ၏။
(၃)။-အပ္ပနာသမာဓိတို့ရဲ့အားအစွမ်းသတ္တိတန်ဘိုးအမှန်များကတော့ *မိမိတို့ရဲ့ မှီခိုနေထိုင်ရာ နိုင်ငံလူထုတွေအတွက် အန္တရာယ်ကင်းရအောင်-စားဝတ်နေရေး ကျမ္မာရေးအပါအ၀င် လူသားဘ၀နဲ့ဆိုင်ရာလူဘ၀သုခများကို မိမိတို့ရဲ့အခြေခံများနှင့်ထိုက်တန်သလောက်တို့အားအချိန်မှီရရှိနိုင်စေရန်-တကယ်လက်တွေ့ပင် တတ်စွမ်းနိုင်ပါ၏။
~~~~သမာဓိမျက်လုံးအလင်းအားများဖြင့်ကြည့်မြင်ထားရတဲ့အရာဝတ္ထုများကို -တကယ်လက်တွေ့ပင်ဖော်ထုတ်ယူနိုင်တဲ့အဆင့်ဟာ-အပ္ပနာသမာဓိအဆင့်ပဲ ဖြစ်ပါ၏။
…ဤစာရေးသူအားမိမိရဲ့ ဥပစာရသမာဓိ*မြင်အားများဖြင့်-ယ္ခုလက်ရှိမြန်မာနိုင်ငံရဲ့ ပိုင်နက်ကြီးထဲဝယ်-အရည်အသွေးကောင်းမွန်လှသောရွှေတွေ ပြည့်ပြည့်၀၀ကြီး တကယ်ရှိနေတဲ့ *ရွှေတွင်းကြီး (၃)တွင်း တိတိတို့ကိုတွေ့မြင်ထားပါ၏-ထို ရွှေတွင်းကြီးထဲက ရွှေတွေဟာ-ယ္ခုလက်ရှိ -စာရေးနေချိန်မြန်မာပြည်ထဲက နံပါတ်တစ် အတန်းအစား ရွှေတို့ထက်ကို *၅ ဆ လောက် ပိုမိုပြီးတော့အရည်အသွေးကောင်းမွန်အိညက် ၀င်းလက်နေတာကို တွေ့မြင်ရပါ၏-ထို ရွှေတွင်း(၃)တွင်းထဲကတကယ်ရွှေစစ်စစ်တွေကို နှစ်ပေါင်း(၁၀၀)ဆက်တိုက်လောက်ပင် - စံနစ်တကျနဲ့ထုတ်ယူနိုင်ပါ၏-ထို ရွှေတွင်း(၃)တွင်းတို့ရဲ့ အစောင့်ပုဂ္ဂိုလ်တွေက နတ်နဂါးညီအကိုတွေပဲ ဖြစ်ပြီးတော့-ဗုဒ္ဓအပေါ်တွင် စိတ်ညွှတ်ဝင်ကြည်ညိုနေကြသူများ ဖြစ်ပါ၍-၎င်းသူနဂါးညီနောင်တို့အတွက် *မင်းမိန့်(အစိုးရအမိန့်)နဲ့-နေရာအပိုင်စားတရာဝင်ပေးပြီးတော့မှပဲ-ထိုရွှေတွေကို အန္တရာယ်ကင်းကင်းနဲ့ ဖော်ယူနိုင်မယ်ဖြစ်ပါ၏-**တကယ် ဖော်ယူတော့မယ် ဆိုရင်-ဦးဆောင်ပုဂ္ဂိုလ်ဟာ -အပ္ပနာသမာဓိ အခြေခံရှိထားမှသာ- ဖြစ်နိုင်ကောင်းပါ၏-လို့ နော်…။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ယုတ္တိကြီး(၃)မျိုးတို့ဖြင့် ညီမျှခြင်းပြုကာ- လောကုတ္တရာတန်းဝင် ဥာဏ်စဉ်(၃)ဆင့်တို့ရဲ့ တန်ဘိုးအမှန်များကို ဤစာရေးသူမှ တိုင်းတာပြပေးနိုင်ပါ၏
(၁)။-ပရမတ္ထရုပ်သဘာဝများနှင့် ပရမတ္ထနာမ်သဘာဝတို့ရဲ့ ပရမတ္ထသဘာဝလက္ခဏာများကို အသင့်အလျော်ပိုင်းခြား၍သိတတ်ြ
ခင်းနဲ့-ရုပ်နဲ့နာမ် ၂ခုတို့ရဲ့ အပြန်အလှန် ကျေးဇူးပြုနေကြဟန် တကယ်ဖြစ်နေစဉ် သဘောအမှန်များကို သိမ်းစုရုံးစည်းလို့ သိမြင်တတ်တဲ့ ဥာဏ်တရားတို့အား *ယထာဘူတဥာဏ်စဉ်ရယ်လို့ ခေါ်ဆိုရပါ၏။။
...အဲဒီ ယထာဘူတဥာဏ်စဉ်အဆင့်ကို အောင်မြင်ပိုင်ထားပြီးသောသူတို့အား-သေလွန်ပြီးတဲ့နောက် တမလွန်ဘ၀သစ်(ဒုတိယဘ၀)တွေမှာ အပယ်ဒုဂ္ဂတိသို့ မလားရောက်ရပဲ-လူ နတ် သုဂတိသို့သာလျင် ကောင်းမွန်စွာ လားရောက်ရပေ၏-တဲ့ နော်...။-တတိယဘ၀မှ စ၍-အနာဂါတ်ကာလ သံသရာကျင်လည်ရတဲ့ဘ၀သစ်အဆက်ဆက်တွေမှာတော့ အပယ်ကျနိုင်သေး၏-တဲ့ ဗျားး....။
(၂)။-ရုပ်နာမ်ပရမတ္ထတို့ရဲ့ သင်္ခတလက္ခဏာ(ဥပါဒ် ဋ္ဌီ ဘင်=ဖြစ် ရင့် ပျက်)နဲ့-သာမညလက္ခဏာ(အနိစ္စ ဒုက္ခ အနတ္တ)တို့ကို အဆင့်ဆင့်ထိုးထွင်းသိသွားရလို့ သင်္ခါရုပေက္ခာဥာဏ်စဉ်ထိအောင်သော မဟာဝိပဿနာဥာဏ်စဉ်ထူးများကို ပေါက်မြောက်အောင်မြင်ပိုင်ထားပြီးတဲ့ သူတို့အား --သေလွန်ပြီးတဲ့နောက် တမလွန်ဘ၀သစ်(ဒုတိယဘ၀)တွေမှာ အပယ်ဒုဂ္ဂတိသို့ မလားရောက်ရပဲ-လူ နတ် သုဂတိသို့သာလျင် ကောင်းမွန်စွာ လားရောက်ရပေ၏-တဲ့ နော်...။-တတိယဘ၀မှ စ၍-အနာဂါတ်ကာလ သံသရာကျင်လည်ရတဲ့ဘ၀သစ်အဆက်ဆက်တွေမှာတော့ အပယ်ကျနိုင်သေး၏-လို့ မှတ်သားပါ....။
(-ဘာကြောင့် ပြောနိုင်ပါလဲ လို့ ဆိုရင်-ကျနော်တို့ရဲ့ ဂေါတမဘုရားလောင်းဟာ-ကဿပဘုရားရှင်ရဲ့ သာသနာတော်တွင်-မဟာဝိပဿနာသင်္ခါရုပေက္ခာဥာဏ်စဉ်အဆင့်ထိတိုင်- အားထုတ်အောင်မြင်ခဲ့ပြီးသော ပါရမီရှင်ကြီး ဖြစ်ပါလျက်နဲ့-ကဿပဗုဒ္ဓနဲ့ ဂေါတမဗုဒ္ဓ တို့ ၂ဆူရဲ့ အကြားကာလ(သာသနာပ ကာလ)တွေမှာ အပယ်ဘုံကျရောက်ခဲ့ရသေးတာကို အတိအကျ မြင်တွေ့ခဲ့ရလို့ပဲ ဖြစ်ပါကြောင်း ခင်ဗျာ....။)
(၃)။-သောတာပတ္တိမဂ်ဥာဏ်စဉ်ထိအောင်-အားထုတ်အောင်မြင် ပိုင်ထားပြီးတဲ့ မဟာသောတာပန်အရိယာတို့အား သေလွန်ပြီးတဲ့နောက် ဒုတိယဘ၀သစ်မှ အစပြု၍ နိဗ္ဗာန်ဝင်စံရမည့် နောက်ဆုံးဘ၀တိုင်အောင်-အပယ်ဒုဂ္ဂတိသို့ မလားရောက်ရတော့ပါ ခင်ဗျာ...။
++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဤစာရေးသူရဲ့ အောင်ပွဲဝင်ထားပြီးတဲ့ *အာနာပါနသမာဓိကျင့်နည်းပညာ ဥပဒေသ (၅)ချက်
(၁)။။ဗုဒ္ဓဂုဏ်တော်တို့တွင် သင့်မှန်စွာ အောင်းမေ့နှလုံးသွင်းမှုနှင့် မေတ္တာပွါးလွှတ်မှုတို့ကို အာနာပါနသမာဓိ မလေ့ကျင့်ခင်မှာ-၁၅မိနစ် နာရီဝက် စသည်-ပွါးများပေးရမည်။။
(၂)။။-အာနာပါနသမာဓိကို မလေ့ကျင့်ခင်ဝယ်-မဟာခွေထိုင်နည်
းနဲ့ စိတ်တိုင်းကျရအောင် ပြုပြင်ထိုင်တတ်ရပါမည်။
(၃)။။ကမ္မဋ္ဌာန်းအလုပ်ခွင်ထဲမှာ *သတိမရှိ သတိမပါပဲနဲ့ -ရှုလေ ရှိုက်လေကို မဖြစ်စေရ။။
(၄)။။လေရှုမှု လေရှိုက်မှု ပြုတဲ့အခါတွင်-လေထိခတ်မှုထင်ရှားရာမှာ -သတိတင်းတင်းနဲ့*စိတ်စူးစိုက်ချထားပေးရမည်။
(၅)။။-လေထိခတ်မှုထင်ရှားရာမှာ *သတိတင်းတင်းနဲ့ စိတ်စူးစိုက်ချထားပေးတဲ့အထဲမှာလဲ-ဆင်ခြင်ဥာဏ် အကူအရံတွေနဲ့ လိုက်ပါထိန်းကျောင်းပေးရမည်။(သမာဓိအားအရှိန် မရသေးခင်မှာသာ ဆင်ခြင်ဥာဏ်နဲ့ ထိန်းပေးဘို့ လိုတာပါနော်--သမာဓိအရှိန်အား တိုးတက်လာတဲ့အခါ-သူ့ဘာသာသူ -ဆင်ခြင်ဥာဏ် အထိန်းအရံမလိုတော့ပဲနဲ့-အရင့်စားခဏိကသမာဓိတွေ ဥပစာရသမာဓိတွေ-အဆင့်ဆင့်တိုးတက်သွားတော့၏။)
...အမှတ်စဉ်(၁)အတွက် အဖြေစဉ်အကျဉ်းချုပ်တွေကိုတော့ အထက်က post တွေမှာ ဖြေဆိုပြထားပေးပြီး ဖြစ်တယ်နော်..။ကျန်တဲ့ အမှတ်စဉ်(၂-၃-၄-၅-)တွေအတွက် ဤ မွန်မြတ်ကျော် BLOG ရဲ့ POST အဟောင်းတွေမှာ ထပ်ခါခါ ဖြေဆိုပြပေးထားပြီး ရှိသလို မွန်သောင်းထိုက် BLOG နဲ့ မွန်ဇော်ဦး BLOG ထဲမှာလဲထပ်ခါထပ်ခါ ရေးပြပေးထားတာ ရှိနေလို့ ပြန်ရှာဖတ်လိုက်ကြပါနော်..။
--ယထာဘူတဥာဏ်စဉ် အဘိုးတန်ကြီးကို -လွယ်လွယ်မြန်မြန်နှင့်ပင်-လေ့ကျင့် ညှိယူ ပိုင်ဆိုင်နည်း ဆိုတဲ့ POST များဖြင့်-ဤစာရေးသူရဲ့ သိစေလိုရင်းကတော့ဗျာ..
..(၁)။--ယထာဘူတဥာဏ်စဉ်လောက် အခြေခံအဆင့်ကို မပိုင်သေးပဲနဲ့ *၀ိပဿနာရှုနေတယ်ဆိုရင်--အဲဒါဟာ ၀ိပဿနာရှုနည်း မမှန်သေးဘူးလို့-နော်...။
..(၂)-သမာဓိအရာ အနိမ့်ဆုံးအဆင့်အားဖြင့် ခဏိသမာဓိအရင့်စားအဆင့်တွင် တကယ်မရောက်သေးပဲနဲ့လဲ *အလွန်သိမ်မွေ့တဲ့ ရုပ်ပရမတ္ထ နာမ်ပရမတ္ထတွေပေါ်ဝယ်-၀ိပဿနာရှုပွါးဘို့ရန်- မရနိုင်ကောင်းသေးဘူးလို့ နော်..။
(၃)-ယထာဘူတဥာဏ်စဉ်အဆင့်မှာ တကယ်ရောက်ဆိုက်ထားပြီးပါမှ -ခဏိကသမာဓိခန်း ဥပစာရသမာဓိခန်းတို့တွင် တကယ်ကို ပိုင်ထား ပေါက်ရောက်မြဲခိုင်ထားပါမှသာ *အစစ်အမှန်ဝိပဿနာရှုပွါးလို့ ရနိုင်ပါတယ်လို့-ဤစာရေးသူရဲ့ အောင်ပွဲဝင်ထားပြီးသော တကယ့်အတွေ့အကြုံများအရင်းခံတွေနဲ့ရော-၀ိသုဒ္ဓိမဂ်အဋ္ဌကထာ အပါအ၀င်ဖြစ်တဲ့ ကမ္မဋ္ဌာန်းကျမ်းစာအကိုးအကားတွေနဲ့ရော--ဖြေရှင်းပြပေးနိုင်ပါတယ် ခင်ဗျာ...။
++++++++++++++++++++++++++++++++++++++++++++++++++++++++++
ခုနှစ် ၂၀၁၁ ကုန်တဲ့ထိအောင်--မွန်သောင်းထိုက် BLOG နဲ့ မွန်ဇော်ဦး BLOG အတွက် အချိန်ပေးကာ *သမာဓိစာစဉ် ဆန်းကြယ် ..အသစ်အသစ်တွေကို တင်ပေးသွားပါမယ်..။
ခုနှစ် ၂၀၁၂ မှာတော့-nwenweoo ဆိုတဲ့ blog အသစ်ကြီးတစ်ခုမှာ *ဤစာရေးသူရဲ့ နှစ်ပေါင်း(၃၀) ဆက်တိုက် အဓိဋ္ဌာန် ကျင့်စဉ်ကြီးရဲ့ နောက်ဆုံး(၅)နှစ် *ချေမှုန်းရေးအဆင့် အမြင့်ဆုံးကျင့်စဉ်ခန်းတွေကို-တကယ်လေ့ကျင့်နေရင်းကပဲ *စာဖတ်သူ မိတ်ဆွေများနဲ့ နောင်သားညီအကိုတွေအတွက် ရေးပြတင်ထားပေးခဲ့ပါမယ် ခင်ဗျာ...။
(-ဤ မွန်မြတ်ကျော်blog ကြီးထဲမှာ - စာလာဖတ်ကြသူများအား-ကိုယ်စိတ် ၂ပါးစုံတို့တွင် ကျမ္မာကြပါစေ-ချမ်းသာကြပါစေ-ဘေးရန်ဆင်းရဲအပေါင်းတို့မှ ကင်းဝေးကင်းလွတ်ကြပါစေ-မိမိတို့ရဲ့ ဘ၀ကြီးအတွက် ရသင့်ရထိုက်သမျှကုန်သော အကောင်းအမြတ်သုခတရားများကို (လွယ်ကူလျင်မြန်စွာနဲ့ ရယူပိုင်ဆိုင်နိုင်ကြပါစေ)၂.......)
+++++++++++++++++++++++++++++++++++++++++++++++++++
ကျနော်တို့ရဲ့ *မြန်မာနိုင်ငံတော်ကြီးကို တာဝန်ယူစောင့်ရှောက်နေကြတဲ့ တန်ခိုးကြီးပုဂ္ဂိုလ်များကို မှတ်သားပါ
(၁)။-ဦးနေ၀င်းလက်ထက်က စလို့- ပြောပြပေးရရင်-သမ္မတကြီးဦးနေ၀င်းလက်ထက်တုံးက တာဝန်ကျမြန်မာနိုင်ငံစောင့်ပုဂ္ဂိုလ်ကြီးကတော့ *..ဓာတ်သမား ၀ိဇ္ဇာချုပ်ဘိုးမင်းခေါင် ဖြစ်ပါတယ်။။
(၂)။-ဦးခင်ညွှန့်တို့လက်ထက်တုံးကတော့-တာဝန်ကျမြန်မာနိုင်ငံစောင့်ပုဂ္ဂိုလ်ကြီးသည်ကား * မနောပိုင် ၀ိဇ္ဇာချုပ်ဘိုးဘိုးအောင် ဖြစ်ပါတယ်။။
(၃)။-ဤယ္ခုလက်ရှိ သမ္မတဦးသိန်းစိန်တို့လက်ထက်တွင်-တာဝန်ကျမြန်မာနိုင်ငံစောင့်ပုဂ္ဂိုလ်ကြီးကတော့*ဆေးသမား ၀ိဇ္ဇာချုပ်ဘိုးတော်အောင်မင်းခေါင် ဖြစ်ပါတယ်။။
(၄)။-နောက်ထပ် တက်လာမဲ့ * ခေါင်းဆောင်သစ်နဲ့ အစိုးရသစ်လက်ထက်မှာ-မြန်မာနိုင်ငံတော်သစ်ကြီးအတွက် -တကယ်တာဝန်ယူပေးရမဲ့ --တန်ခိုးကြီး ပုဂ္ဂိုလ်များကတော့--ရဲဘော်(၃)ကျိပ်ဝင် ထွက်ရပ်ပေါက် စူဠဂန္ဓာရီဝိဇ္ဇာ ဦးတာရာကြီးရဲ့ ဆရာကြီးဖခင်ဖြစ်တဲ့ *စမကြိုး စကြ၀ဠာကြိုး စတဲ့ ကြိုးကြီး(၄)ကြိုး ပိုင်ရှင် *မဟိဒ္ဓိဝိဇ္ဇာချုပ် ဆုကြီးပန် ဦးသာနွဲ့တို့ အဖွဲ့မှ အထူးဂရုစိုက်ကာ တာဝန်ယူပေးသွားကြမယ်။။-အလွန်ထူးခြားတာကတော့ *နောက်ထပ်တက်လာမဲ့ ခေါင်းဆောင်သစ်နဲ့ အစိုးရသစ်အဖွဲ့ကို-နာမည်ကျော်ကုဝေရနတ်မင်း(ဝေဿ၀ဏ္ဏ နတ်မင်း)နဲ့ အဖွဲ့ကလဲ စောင့်ရှောက်ကူညီပေးမှာကိုလဲ တွေ့မြင်ထားရတယ်။။-ယ္ခုလက်ရှိ နတ်နဂါး အကြီးအကဲများနဲ့ အဖွဲ့ကလဲပဲ အထူးပင် ကူညီဖြည့်ဆောင်ထောက်ပံ့ပေးကြမှာကို-ဤစာရေးသူရဲ့ သမာဓိမြင်ကွင်းထဲဝယ်- တွေ့မြင်ထားရတယ်..။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++